အထက်မင်းလှ ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့နံနက် (၁၁) နာရီခွဲက မြို့ပေါ်ရပ်ကွက်များနှင့် ရွာတော်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ နှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများကရေဘေးနှင့် မြေပြိုဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်သတိပြု ကာကွယ်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန် သတိပြု၍ ရှောင်ရှားသင့်သည့် အပြုအမူများ သိရှိနိုင်စေရန်နှင့် ရေဘေးနှင့် မြေပြိုဘေးကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်ရေး အသိပေးချက်များကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် တောင်ရပ်ကွက်၊ မြို့မရပ်ကွက်၊ မြောက်ရပ်ကွက်နှင့် ရွာတော်ကျေးရွာတို့တွင် လှည့်လည်နှိုးဆော်ခြင်းဆောင်ရွက်ပြီး၊ ပြည်သူများအား ရေဘေးနှင့် မြေပြိုဘေးလက် ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)