သာယာဝတီ ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သဲဖြူကျေးရွာအနီး ရန်ကုန်-ပြည်လမ်းဘေးတွင် ယနေ့ နံနက် ၈ နာရီက ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးမည့် ပျိုးပင်များအား မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးစောအယ်ကလူစိုးမိုးနှင့် တာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် တာဝန်ရှိသူများထံပေးအပ်ခဲ့ပြီး မိုးရာသီသစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် ရပ်ကွက်နေပြည်သူများ အင်အား ၁၅၀ ခန့်က ကျွန်းပင်(၁၀၀)၊ ပျဉ်းကတိုး (၅၀)၊ မန်ဂျန်ရှား (၁၀၀)၊ ယမနေ(၁၀၀)၊ ပိတောက်(၅၀) စုစုပေါင်းပျိုးပင် (၄၀၀)အား စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
သစ်တောဦးစီးဌာနမှ သစ်တောဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေလာစေရန်၊ ရာသီဥတုပြောင်းလဲမှုကိုထိန်းညှိရန်၊ သစ်တောပြုန်းတီးမှု မဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်စေရန် ဒေသအပူချိန် လျော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင် ထိန်းသိမ်း ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်းများ ထူထောင်ခြင်းဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)