လပွတ္တာမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄ ခုနှစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

လပွတ္တာ ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ  ၃ ရက်နေ့တွင်  ကျရောက်မည့်  မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်  (၈) နာရီအချိန်က  လပွတ္တာမြို့နယ်၊ (၃) မိုင်မြို့၊ ခရေလမ်း  (ဆေးရုံဝန်း)  အနီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ လပွတ္တာခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်  မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ  ဦးကျော်ဝင်းနိုင်က စိုက်ပျိုးမည့်  ပျိုးပင်များအား ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ  ဒေါ်ဖြူဖြူဝင်းနှင့်  အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးသူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်တို့က လက်ခံရယူခဲ့ကြပြီး ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ စုပေါင်း၍ အရိပ်ရအပင် မန်ဂျန်ရှား (၃၃၀) ပင်၊ ပျဉ်းကတိုး (၁၀) ပင်၊ ငုရွှေ (၁၀) ပင်၊ ခရေ (၁၀) ပင်၊ စုစု‌ပေါင်း (၃၆၀) ပင် တို့ကို ဆေးရုံဝန်းအနီးတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မူမူ