ကသာ ဇူလိုင် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ဧရာဝတီမြစ်ရေ အရေးပေါ် အသိပညာပေး ကြေညာခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကသာခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ယနေ့နံနက် (၆)နာရီခွဲအချိန် ခန့်မှန်းထုတ်ပြန်ပေးသည့် ဧရာဝတီမြစ်ရေသည် (၉၁၇) စင်တီမီတာသို့ ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် နောက်(၂) ရက်အတွင်း ကသာမြို့၏ စိုးရိမ်ရေအမှတ် (၁၀၄၀) စင်တီမီတာသို့ ရောက်ရှိနိုင်သောကြောင့် မြစ်ကမ်းနားအနီးနှင့် မြေနိမ့်ပိုင်းတို့တွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုကြရန် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ သတင်းထုတ်ပြန်ရေးအဖွဲ့က မြို့အတွင်း လှည့်လည်ကြေညာပေးခဲ့သည်။
အဆိုပါ မြစ်ရေကြီးခြင်း အခြေအနေ သတင်းထုတ်ပြန်ကြေညာခြင်းကို ကသာခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုနယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကသာမြို့ရပ်ကွက်များအတွင်း လှည့်လည်အသိပေးကြေညာခဲ့ကြကြောင်း သိရသည်။
ကျော်စွာထွန်း (ကသာ)