မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မာမူက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ရာ ပထမဆုကို အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း Grade 11 မှ ကျောင်းသူ မသဲစုကျော်၊ ဒုတိယဆုကို Grade 10 မှ ကျောင်းသား မောင်ပြည့်စုံခန့်၊ တတိယဆုကို Grade 10 မှ ကျောင်းသူ မကြည်နူးစံတို့က ရရှိခဲ့ပြီး အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အ-ထ-က(၁) Grade7 မှကျောင်းသူ မမေယွန်းမြင့်မိုရ်၊ ဒုတိယဆုကို Grade7 မှ ကျောင်းသူ မယွန်းရတီထက်၊ တတိယဆုကို Grade 9 မှ ကျောင်းသူမဖြူစင်မိုးမြင့်တို့က ရရှိခဲ့ကြပြီး နိုင်ငံတော်အဆင့် ရုပ်ပြစာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာမူလတန်းကျောင်း Grade 5 မှ မမိုးသက်ထားတို့က ရရှိခဲ့ကြရာ အဆိုပါဆုများကို မြို့နယ်အမျိုးသမီရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မာမူနှင့်အဖွဲ့ဝင် ဒေါ်ဇာဇာဝင်းတို့က ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)