အုတ်တွင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်နှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ပညာရည်ချွန် ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

အုတ်တွင်း ဇူလိုင်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်နှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပညာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အုတ်တွင်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဦးက ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ဆက်လက်၍ အုတ်တွင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း၌ သုံးဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ (၃)ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူ(၁၀)ဦး၊ ရိုးရိုးအောင်မြင်သူ(၃၉)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၅၃)ဦးနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးနိုင်သည့် ဆရာ/ဆရာမများအား တာဝန်ရှိသူ အသီးသီးက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)