ဓနုဖြူမြို့၌ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်

ဓနုဖြူ  နိုဝင်ဘာ  ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် နာရီက တောင်ပေါ်ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရာပြည့်ဗိမ္မာန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်လွင်က ဓနုဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်ပြီဆုံးသည်အထိ မိမိတို့တာဝန်များ အားကျေပွန်စွာ ဆောင်ရွက်ခဲ့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး မြို့နယ်အတွင်းရှိ မဲရုံများတွင် လုံခြုံရေးအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အထူးရဲ တပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်အတွင်းရှိ မဲရုံ(၁၆၄) ရုံ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင် (၁၆၄) ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)