ဟုမ္မလင်း ဇူလိုင် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က၊ ဟုမ္မလင်းတံတားချဉ်းကပ်လမ်း ဘေးဝဲ၊ ယာတွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်စိုက်ပျိုးရန်သတ်မှတ် နေရာများ၌ ပျဥ်းကတိုး (၁၀၀)၊ ကျွန်း (၅၀)၊ မျောက်ငိုပင် (၅၀)၊ မန်ကျန်ရှား (၁၀၀)၊ စိန်ပန်း (၁၀၀) စသည်ဖြင့် ပျိုးပင်စုစုပေါင်း (၄၀၀) ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့်၊ ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ အမျိုသမီးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များက ပျိုးပင်များကိုအသီးသီးစိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများက ပျိုးပင်များ စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)