စလင်း ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် (၉) နာရီအချိန်မှ စတင်ကာ ရေကြည်ကျေးရွာအုပ်စု တောင်သူများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ တောင်သူများ လယ်ယာလုပ်ငန်းခွင်သို့ ဝင်ရောက်၍ လုပ်ကိုင်နိုင်စေရန်နှင့် တောင်သူ ဦးကြီးများ စိုက်ပျိုးရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ချေးငွေကျန်မရှိသူများကို အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် ဦးစားပေးထုတ် ပေးခြင်းဖြစ်ပြီး မိုးစပါးတစ်ဧကလျင် ချေးငွေကျပ် (၁၅၀၀၀၀) နှုန်းဖြင့် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီ၌ မေလ ဒုတိယအပတ်မှ စတင်ကာ စလင်းမြို့နယ်အတွင်းရှိ၊ ကျေးရွာအုပ်စု (၂၅) အုပ်စုတို့မှ တောင်သူများအား လယ်ယာလုပ်ငန်းခွင်သုံး စိုက်ပျိုးရေးသွင်းအားစုများ ဝယ်ယူအသုံးပြုဆောင်ရွက်နိုင်ကြစေရန် တောင်သူ (၂၀၀၃) ဦး၊ စိုက်ပျိုးဧက (၉၀၂၅) ဧကအတွက်၊ ချေးငွေကျပ် (၁၃၀၄၁၀၀၀၀၀) သောင်းအား ထုတ်ချေပေးနိုင်ခဲ့ကြောင်း ယနေ့နံနက်ပိုင်းတွင် ရေကြည်ကျေးရွာ ရွာအုပ်စုမှ တောင်သူများအား၊ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ကျန်ရှိနေသေးသည့်၊ ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီတွင်၊ ချေးငွေဆပ်ပြီး၊ ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
(မောင်လွင်) စလင်း