ရွှေကျင် ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းနှင့်တိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်မှစ၍ အနောက်ဘက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းနှင့်တိုက်ကျွေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက အနောက်ဘက်ကျေးရွာအုပ်စုအတွင်းရှိ သောင်လယ်ကျေးရွာ၊ ဝဲကြီးကျေးရွာ၊ မောင်းရုံကျေးရွာ၊ အနောက်ဘက်ကျေးရွာနှင့်မဒေါက်ကလေးကျေးရွာတို့မှ အသက်(၂)နှစ်အောက် ကလေးငယ်များအား အသည်းရောင်အသားဝါး၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)နှင့် ကိုယ်ဝန် ဆောင်မိခင်များအား သွေးပေါင်ချိန်ခြင်းနှင့်ကိုယ်ဝန်ဆောင်အား ဆေးတိုက်ကျွေးခြင်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)