အိမ်မဲ ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်ကော်မတီများ အလှူရှင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်၊ စာဖတ်သူတိုးပွားရေးအတွက် စည်းရုံးဆောင်ရွက်ရန်ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက်များ ရေရှည်ရှင်သန်ရေးလုပ်ငန်းဆောင်ရွက်မှုများ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဦးစီးအရာရှိက စာအုပ်စာစောင်များကို ကျေးရွာစာကြည့်တိုက်များအတွက် ပေးအပ်လှူဒါန်းရာ စာကြည့်တိုက်ကော်မတီဝင်များက လက်ခံရယူခဲ့သည်။
အိမ်မဲမြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်ဦးဆောင်သော ဝန်ထမ်းများမှ လစဉ်ကျေးရွာစာကြည်တိုက်များသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)