စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ တက်ရောက်

မုံရွာ ဇူလိုင် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ နိုင်ငံခြားသွင်းကုန်အား ပြည်တွင်းထုတ်လုပ်မှုဖြင့်အစားထိုး ဆောင်ရွက်နိုင်ရေး ဖွင့်လှစ်ခဲ့သည့် တန်ဖိုးမြှင့်စား သောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဖိတ်ကြားထားသူများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းဆင်း အမှာ စကားပြောကြားပြီးနောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူးက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက သင်တန်းကာလအတွင်း သင်တန်းသူများကိုယ်တိုင် ပြုလုပ်ထား၍ ရရှိသည့် ထုတ်ကုန်မုန့်ပစ္စည်းများကိုပေးအပ်ရာ အားလုံးကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲပြီးနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တက်ရောက်လာကြ သည့်  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းသူများကိုယ်တိုင်ပြုလုပ်သည့် မုန့်မျိုးစုံတို့အား ကကြည့်ရှုအားပေးခဲ့ ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီးနောက် သင်တန်းသား၊သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ သင်တန်းသို့ မုံရွာမြို့ပေါ် ရပ်ကွက်များမှ ဒေသခံပြည်သူ (၂၈)ဦးတက်ရောက်ပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမများက  တန်ဖိုးမြှင့်စား သောက်ကုန်(Bakery) ပေါင်မုန့်အမျိုးမျိုး၊ ကိတ်အမျိုးမျိုး၊ ယိုအမျိုးမျိုး စသည့်ဖြင့်အမျိုးပေါင်း(၂၀)ကျော်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ  သင်တန်းကာလ ရက်သတ္တ တစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ ချခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)