အောင်လံ ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အောင်လံမြို့ သီတဂူဇောတိကဝိပဿနာဗုဒ္ဓတက္ကသိုလ်ကျောင်းဝန်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းက ခရိုင်ပညာရေးမှူး ဦးချစ်လွင်ထံ ပျိုးပင်များ စိုက်ပျိုးရန်ပေးအပ်ခဲ့သည်။ ထို့နောက် အောင်လံခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား ၂၅၀ ခန့်နှင့်အတူ တမာ၊ ကျွန်း၊ မယ်ဇလီ၊ ယင်းမာ၊ မြန်မာကုက္ကိုလ်၊ ရေတမာ၊ မယ်ဇယ် အရိပ်ရအပင်မျိုးစုံ ပျိုးပင်ပေါင်း ၂၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)