ကြံခင်း ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ၊ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ် (အကြို) (Gender၊ CEDAW၊ NSPAW) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကား ပြောကြားပြီး၊ အတွင်းရေးမှူးရဲမှူး ကြည်စိုးက အမှာစကား ပြောကြားပြီးနောက်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်က မြန်မာ့အမျိုးသမီးများ၏ လူမှုလုပ်ငန်းဆောင်ရွက်ချက်နှင့် စွမ်းဆောင်မှုဆိုင်ရာများကို ပြောကြားပါသည်။
ဆက်လက်ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သဉ္ဇာဝင်းက မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ်(အကြို) (Gender၊ CEDAW၊ NSPAW) သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီးနောက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က နိဂုံးချုပ် အမှာစကား ပြောကြားကာ သင်တန်းဆက်လက်ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သဉ္ဇာဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်းနှင့် အဆိုပါသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ နေ့လယ် (၂) နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)