ကန့်ဘလူ ဇွန် ၃၀
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ၊ ဝန်ထမ်းများ စျေးနှုန်သက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အတွက် စားအုန်းဆီများ ရောင်းချပေးခြင်းကို ယမန်နေ့က ကန့်ဘလူခရိုင် စုပေါင်းရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆီကုန်သည်ကြီးများအသင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့များက လာရောက်ဝယ်ယူသူ ပြည်သူများ အလွယ်တကူ ဝယ်ယူနိုင်ရေးတို့အတွက် စီစဥ်ဆောင်ရွက်ပေးကာ ၁ ပိဿာလျှင် ၆၁၀၀ နှုန်းဖြင့် တစ်ဦးလျှင် စားအုန်းဆီ ၅၀ ကျပ်သားကို ၃၀၅၀ ကျပ် နှုန်းဖြင့် ၃၅၅ ပိဿာကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)