စလင်းမြို့နယ်တွင်၂၀၂၄ ခုနှစ်မိုးစပါးလျာထားချက်ဧက(၄၇၆၇၇)စိုက်ပျိုးမည်

စလင်း ဇွန် ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင်  ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရန်  စိုက်ပျိုးရေးဦးစီးဌာနမှ (၄၇၆၇၇)ဧက လျာထားကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။

မိုးစပါးများကို နွေနှမ်းများရိတ်သိမ်းအပြီး  ဇူလိုင်လဆန်းပိုင်းမှစတင်ကာထွန်ယက်၍  လျာထားချက်ပြည့်မီအောင်  စိုက်ပျိုးနိုင်ရေးအတွက်  ဒေသခံစိုက်ပျိုးရေးတောင်သူများကို  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  တောင်သူများအား ဆွေးနွေးပွဲများပြုလုပ်၍ ဟောပြောအသိပညာပေးခြင်းများဖြင့် တောင်သူများအားစည်းရုံး၍လည်းကောင်း၊ တောင်သူများမှလည်း မိုးစပါးများကို အချိန်မီစိုက်ပျိုးနိုင်ကြစေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေများရယူ၍ မိုးစပါးလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ကြရန်    ကြိုတင်၍ ထွန်ယက်ထားရှိမှုများရှိနေကြပြီဖြစ်ကြောင်းနှင့် နွေသီးနှံနွေစပါးများကို ကျေးရွာအုပ်စု(၅)အုပ်စုမှ တောင်သူ(၉၉၅)ဦးတို့က စိုက်ပျိုးခဲ့ကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပြီး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့်  မျိုးကောင်းမျိုးသန်စပါးမျိုးများကို  ဝယ်ယူအသုံးပြုနိုင်ကြစေရေး  အထွက်နှုန်းပြည့်မီရေး၊ စိုက်ပျိုးရေးနည်းစနစ်မှန်ကန်စေရေး၊ ဓာတ်မြေသြဇာများ စနစ်တကျသုံးစွဲရေးစသည့် စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် စလင်းမြို့နယ် မိုးစပါးစိုက်ပျိုးတောင်သူများမှ  ဆာပိုးသာ၊ မနောသုခ၊ ရတနာတိုးစပါးမျိုးများကို  စိုက်ပျိုးကြမည်ဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။

မောင်လွင်(စလင်း)