ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ အသေးစားခြေတုပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်

ကျောက်ကြီး ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ခြေတုအသေးစားပြင်ဆင်ခြင်းလုပ်ငန်းကို နေ့ချင်းပြီး “အခမဲ့” ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းအား ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး မင်းမြတ်ဘုန်း စီမံမှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဘားအံ ခြေတုလက်တုဆိုင်ရာပြန်လည်သန်စွမ်ရေးဌာသို့ ခြေတုအသေးစားပြင်ဆင်နိုင်ရေးသင်တန်း သွားရောက်တက်စေပြီး ကျောက်ကြီးမြို့နယ်အတွင်း ကိုယ်အင်္ဂါချို့တဲ့နေသူများ၊ မိုင်းဒဏ်ခံရသူးများ၊ ခြေတုရရှိရေး၊ ခြေတုအသေးစားပြင်ဆင်ဆောင်ရွက်နိုင်ရေးလုပ်ငန်းအား အပတ်စဥ်စနေနေ့တိုင်း မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ နံနက်၉နာရီအချိန်တွင် “အခမဲ့” ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင် ခြေတုတပ်ဆင်ထားသူ အယောက်(၄၀၀) ဦး ကျော်ခန့်ရှိကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှသိရပြီး ခြေတုအသစ်တပ်ဆင်လိုသူများအားလည်း လိုအပ်သည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည့်များ လေ့ကျင့်ခန်းပြုလုပ်ရန် နည်းစနစ်များ ညွှန်ပြပေးခြင်းနှင့် ခြေတုလာရောက်ပြုပြင်သူများအား ခြေဖဝါး၊ ခြေအိပ်၊ ခါးပတ်ကြိုးများအား  “အခမဲ့” ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)