ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲသို့ တက်ရောက်

ဟားခါး ဇွန် ၂၉

၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း၊ ဟားခါးမြို့ မြို့မဘုန်းကြီးကျောင်း၊ သာသနာ့ဗိမာန်ဇေတဝန်တောရ ဘုန်းကြီးကျောင်းနှင့် ပြည်သူ့ဆေးရုံများ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဒိမ့်ခန့်လွန်း ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊  ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အစိုးရမဟုတ်သောအသင်းအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်းဆွန်းထန်က သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအဖြစ် ယနေ့ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ စုံစုံညီညီ တက်ရောက်လာကြသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ သစ်တောများ ပြုန်းတီးလာပြီး သစ်တောဖုံးလွှမ်းမှု ကျဆင်းလာသည်နှင့်အမျှ ကမ္ဘာကြီးပူနွေးလာမှု Global Warming နှင့်အတူ ရာသီဥတုများ ဖောက်ပြန်လာကာ ရေကြီးခြင်း၊ မြေပြိုခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ လေထုညစ်ညမ်းခြင်း စသည့် သဘာဝဘေးအန္တရာယ်များ တစ်ကမ္ဘာလုံးက ရင်ဆိုင်နေရကြောင်း၊ မြန်မာနိုင်ငံသည် ရေမြေ၊ တောတောင်သဘာဝသယံဇာတများ မူလပေါကြွယ်ဝသည့် နိုင်ငံဖြစ်သော်လည်း လူဦးရေ တိုးပွားလာခြင်းနှင့်အတူ သစ်တောများ ပြုန်းတီးပျက်စီးမှုကြောင့် ရာသီဥတုများ ဖောက်ပြန်လာခြင်း၊ အင်အားပြင်မုန်တိုင်းများ တိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လျက်ရှိပါကြောင်း၊ ထို့ကြောင့် လျော့နည်းလာသည့် သဘာဝသစ်တောသယံဇာတများ ထိန်းသိမ်းရန်နှင့် ပြန်လည်ဖြည့်တင်းရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါကြောင်း၊ သစ်တောသစ်ပင်များ ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်စေရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ယခုကဲ့သို့ စံနမူနာပြ ကျင်းပြပြုလုပ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ့်ခန့်လွန်း ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က သတ်မှတ်နေရာအသီးသီး၌ သစ်ပင်များ စိုက်ပျိုးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူ များ၏ သစ်ပင်စိုက်ပျိုးနေမှုကို လည့်လည်ကြည့်ရှုစစ်ဆေး။

ယနေ့ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း၊ ဟားခါးမြို့ မြို့မဘုန်းကြီးကျောင်း၊ သာသနာ့ ဗိမာန်ဇေတဝန်တောရ ဘုန်းကြီးကျောင်းနှင့် ပြည်သူ့ဆေးရုံစသည့် နေရာ (၄) နေရာ၌ သရက္ခန်၊ ချယ်ရီ၊ တောင်ဇလပ်၊ ထင်းရှူး၊ ရေသင်းဝင်၊ စိန်းပန်းပြာ၊ ယူကလစ်၊ မျောက်ငိုနှင့် မိုးမခစသည့် ပျိုးပင်ပေါင်း (၁၄၇၀) ပင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )