ကျိုက်လတ် ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အမျိုးသမီးများ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်ရည်ရွယ်၍ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်၁၀နာရီက အမှတ်(၄)ရပ်ကွက်ရှိ ပညာဝတီအမျိုးသမီးဘဝမြှင့်တင်ရေးဂေဟာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဖျာပုံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဉမ္မာတို့က ပညာဝတီအမျိုးသမီးဘဝမြှင့်တင်ရေးဂေဟာမှူး ဒေါ်နွဲ့နွဲ့ရီအား သင်ထောက်ကူပစ္စည်းဖြစ်သည့် ဗလာစာအုပ်၊ ဆပ်ပြာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်မေမြတ်သူက ရွှေဖရုံသီးပူတင်း ပြုလုပ်ရာတွင် ပါဝင်ပစ္စည်းများ ဝယ်ယူရရှိနိုင်မည့်နေရာ၊ ရရှိလာမည့် ငွေကြေးအကျိုးအမြတ်၊ ပြုလုပ်ပုံအဆင့်ဆင့်အသေးစိတ်တို့ကို စနစ်တကျ စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းသို့ ဖျာပုံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဉမ္မာနှင့် အဖွဲ့ဝင်များနှင့် သင်တန်းသူ (၄၅)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်