မော်လိုက်မြို့၌ ရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက်ခဲ့ကြသည့် အထူးရဲတပ်ဖွဲ့ဝင်များအား ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

မော်လိုက်       နိုဝင်ဘာ       ၁၅

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့ကြသည့် အထူးရဲတပ်ဖွဲ့ဝင်များအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၏ ​ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက မော်လိုက်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မော်လိုက်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကျော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်၊ ခရိုင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကျော်၊ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး၊ မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးသူနှင့် တာဝန်ရှိသူ များက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး တာဝန် ထမ်းဆောင်ခဲ့ကြသည့် အထူးရဲ တပ်ဖွဲ့ဝင်(၅၂)ဦး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၏ ဂုဏ်ပြု မှတ်တမ်းလွှာများအား အသီးသီး ပေးအပ် ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးညီညီလွင်၊ ခရိုင်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဝင်းကျော်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် အထူးရဲတပ်ဖွဲ့ဝင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

မော်လိုက်သားလေး