ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ နတ်တလင်းမြို့၌ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေး

နတ်တလင်း ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ သက်ငယ်ပြင်ကျေးရွာအုပ်စု၊ သနပ်ကွင်းကျေးရွာ တောင်သူ ဦးစန်းဦး၏ ကွင်းအမှတ်၂၆၁ (ခ) ၌ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲထွန်းမှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအခြေအနေ၊ စိုက်ပျိုးပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)