ပခုက္ကူ ဇွန် ၂၈
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ လူငယ်များစာရိတ္တဗလ၊ မိတ္တဗလဆိုင်ရာအတွေးအခေါ်များ မြင့်မားရေးနှင့် ပြည်သူ့နီတိသင်တန်းကို ဇွန်လ ၂၄ ရက်မှ စတင်ပြီး အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို ပခုက္ကူတက္ကသိုလ်ရှိ ဘာသာရပ်ဌာနအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ(၉၅)ဦး တက်ရောက်ကြပြီး လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်မိတ္တ၊ ပညာရေးနှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်၊ မှတ်သားလိုက်နာလောကနီတိအဖြာဖြာ စသည့်ဘာသာရပ်များကို ဇွန်လ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)