သရက်ချောင်း ဇွန် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်/ကျေးစာရေးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာ ဝင်းဇော်ဦး ကြီးကြပ်၍ ဆရာ၊ ဆရာမများက ယနေ့နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေးခဲ့သည်။
ယခုထိုးနှံသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် ဂျာမဏီနိုင်ငံမှထုတ်လုပ်သည့် ကာကွယ်ဆေးဖြစ်ပြီး အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် ဆရာ၊ ဆရာမက ကာကွယ်ဆေး ထိုးနှံသူများအား စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် စနစ်တကျ ထိုးနှံပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)