ပန်းတနော်မြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသ

ပန်းတနော် ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတနော်မြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်ရည်ရွယ်၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်များပြသခြင်းနှင့် လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေး အသိပညာပေး၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး နံရံကပ်ဗီနိုင်းပိုစတာများ ပြသဆောင်ရွက်ထားရှိရာ ကျောင်းသား ကျောင်းသူများက လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ပြတိုက်ငယ်များ ခင်းကျင်းပြသဆောင်ရွက်ထားရှိခြင်းနှင့် ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရှိခြင်းနှင့် Online မှ တဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ​ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ ဆက်)