မအူပင် ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ပံတပွတ်ကျေးရွာအုပ်စု၊ ပံတပွတ်ကျေးရွာတွင် သဘာဝရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားအား ယနေ့နံနက် (၉) နာရီက ပံတပွတ်ချောင်းသဘာဝရေပြင်အတွင်း ဆောင်ရွက်သည်။
ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားအား ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးဆန်းဝင်း ဦးဆောင်မှုဖြင့် တလုပ်လှငါးလုပ်ငန်းစခန်းမှ ငါးခုံးမကြီးကောင်ရေ (၁.၇၅)သိန်း၊ ငါးမြစ်ချင်းကောင်ရေ (၂.၀၀)သိန်း၊ စုစုပေါင်းကောင်ရေ (၃.၇၅)သိန်းအား ပံတပွတ်ချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)