ပေါင်းတည်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးတိုက်ကျွးခြင်းလုပ်ငန်း ဆွေးနွေးပွဲကျင်းပ

ပေါင်းတည် ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးတိုက်ကျွေးခြင်းလုပ်ငန်း ဆွေးနွေးပွဲကျင်းပသည်။

​ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့ဝင်များ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် (၁) ဦးအေးကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းသန်းချစ်က ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံးဆေးတိုက်ကျွေးရေးလုပ်ငန်းနှင့် ပတ်သက်၍ အကျယ်တဝံ့ အသိပေးဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်နှင့် မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်စိုးတို့က ပူးပေါင်း ဆောင်ရွက်မှုများအား ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)