ရွှေတောင်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးသည့် တောင်သူများ၏ မိုးစပါးစိုက်ဧကများ ထွန်ယက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ရွှေတောင် ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင် ရာများမှ ယမန့်နေ့နေ့လယ်ပိုင်းက ရန်ကုန်-ပြည်ကားလမ်းဘေး ဝဲယာမိုးစပါးစိုက်ပျိုးသည့် တောင်သူများ၏ မိုးစပါးစိုက်ဧကများ ထွန်ယက်ထားရှိမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ရွှေတောင်မြို့နယ်က ရန်ကုန်-ပြည်ကားလမ်းဘေး ဝဲယာရှိ (ထန်းကုန်း၊ မဲတော၊ ဇယ်မ၊ ဝါးတော၊ မီးလောင်၊ကြို့ကုန်း၊ကြာနီကန်၊နွားမယံ) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြေစာရင်း/ စိုက်ပျိုးရေးကွင်းတာဝန်ခံများ၊မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ကျေးရွာအုပ်စုတစ်ခုချင်းအလိုက်တွေ့ဆုံ၍ သက်တမ်းတို အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ အစေ့ချကိရိယာ၊ လက်ဆွဲကောက်စိုက်စက်၊ ပျိုးထောင်စိုက်ပျိုးခြင်းများဖြင့်သာ စိုက်ပျိုးရန်နှင့် ကြဲခင်းများ လုံးဝ(လုံးဝ) စိုက်ပျိုးခြင်း မပြုရန်မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ ကွင်းဆင်း၍ အသေးစိတ်ရှင်းလင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)