ကျွန်းလှမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်လျက်ရှိ

ကျွန်းလှ ဇွန် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား အပတ်စဉ်ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ကျမတို့ ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်ဝန်ဆောင်စဉ်ကာလမှ မွေးဖွားချိန်ထိ အပတ်စဉ်ကိုယ်အလေးချိန်ချိန်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သန္ဓေသားအနေအထား မှန်မမှန်စစ်ဆေးပေးခြင်း၊ ကျန်းမာရေးမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အနေအထိုင်၊ အစားအသောက်ကအစ ကျန်းမာရေးအသိပညာပေးလျက်ရှိပါတယ်” ဟု ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ပြောသည်။

ကျွန်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အသက်တစ်နှစ်ခွဲအောက် ကလငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)