လေရှီး နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဏာနှစ်တွင် ပြည်ထောင်စုနယ်စပ်ဒေသဖွံ့ဖြိုးမှုရန်ပုံငွေဖြင့် စာရာမေရိ မိသားစုကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သော ဆွမ္မရာ၊ မိုပိုင်းလွတ်လမ်းတံတားတည်ဆောက်ခြင်းလုပ်ငန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး၊ လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်လင်း နှင့်အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်နေ့က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို မြေလမ်းတိုးချဲ့ခြင်း(၇/ဝ)မိုင်နှင့် ပေ(၃၀)တစ်လွှာ တစ်ထပ်သံဘောင ဘေလီတံတား(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ပြီး ၂၀၂၀- ၂၀၂၁ ဘဏ္ဏာနှစ်တွင် ပေ(၅၀)ကွန်ကရစ်တံတား(၂)စင်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၎င်းလမ်းသည် လေရှီး၊ ဆွမ္မရာ၊ မိုပိုင်းလွတ်၊ ဟုမ္မလင်းတို့ကို အဓိက ဆက်သွယ်သည့်လမ်းဖြစ်ပြီး ယင်းဒေသတွင်နေထိုင်လျှက်ရှိသော ဒေသခံပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေးနှင့် လူနေမှုဘဝဖွံဖြိုးတိုးတက်မြင့်မားစေရေး အဓိက ရည်ရွယ်ချက်များဖြင့် ဖောက်လုပ်ဆောက် ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ် ဖွံဖြိုးမှုကြီးကြပ်ရေးမှူး ရုံး လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်လင်း၏ ပြောကြားချက် အရသိရသည်။
ဆိုင်းသား(လေရှီး ပြန်/ဆက်)