ကျောင်းကုန်းမြို့ အ.ထ.က(ခွဲ)အောက်ပိုင်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းကုန်း ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အောက်ပိုင်း၌ လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းကုန်းမြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ လူငယ်ရေးရာကော်မတီအဖွဲ့ဝင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌမှ ဘောလုံးတစ်လုံးပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးမင်းမော်မြင့်က လက်ခံရယူခဲ့ပြီး၊ အမှတ်တရမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ လူငယ်နှင့်စည်းကမ်းကဏ္ဍအား Grade 10 မှ မနှင်းဝေဝေခိုင်က လည်းကောင်း၊ လူငယ်နှင့်အားကစားကဏ္ဍအား Grade 11 မှ မရွှေဇင်ချစ်က လည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးကဏ္ဍအား Grade 11 မှ မောင်ရှိုင်းထက်အောင်က လည်းကောင်း၊ လူငယ်နှင့်နည်းပညာကဏ္ဍအား Grade 9 မှ မောင်အောင်မျိုးမြတ်က လည်းကောင်း၊ လူငယ်နှင့်စာပေကဏ္ဍအား Grade 11 မှ မဝင်းသူဇော်က လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်သူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

အခမ်းအနားအပြီး၌ ကျောင်းသား/ကျောင်းသူများ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာ အုပ်များဖတ်ရှုစေခဲ့ပြီး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)