ဘိုကလေးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီမှ မတည်ထောက်ပံ့ငွေပေးအပ်

ဘိုကလေး ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီခွဲ အချိန်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်း ကြီးကြပ်မှုကော်မတီမှ မတည်ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနား ကျင်းပဆောင်ရွက်သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီဝင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်တွင်းမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စား၊ အလတ်စား (MSME)စက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ယခုထောက်ပံ့ငွေများသည် နိုင်ငံတော်၏ စီးပွားရေးမြင့်မား တိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စား၊ အလတ်စား (MSME) စက်မှုလက်မှုလုပ်ငန်းရှင်များအား အတိုးသက်သာစွာဖြင့် (၀.၅) ကျပ်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ငွေများအား ချေးယူသူများ အနေဖြင့်လည်း သတ်မှတ်ထားရှိသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ မိမိလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုပြီး စနစ်တကျ မှန်ကန်စွာဖြင့် ပြန်လည်ပေးဆပ်ကြရန် လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက် ကော်မတီဝင်များက မျိုးသန့်မျိုးစပါးထုတ်လုပ်ဖြန့်ဖြူးရန်၊ စပါးမျိုးကောင်းမျိုးသန့် ဝယ်ယူဖြန့်ဖြူးရောင်းချရန်၊ စိုက်ပျိုးရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန်၊ မျိုးဝက်မ၊ အသားတိုးဝက်၊ ငါး၊ ဥစားဘဲ၊ ဆိတ်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်၊ သုံးထောင်မုန့် လုပ်ငန်းဆောင်ရွက်ရန် စုစုပေါင်း ကျပ်သိန်း (၂၅၀၀) အား အစုအဖွဲ့အလိုက် ပေးအပ်ရာ သက်ဆိုင်ရာ အစုအဖွဲ့ ခေါင်းဆောင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)