စစ်ကိုင်းတိုင်းဒေသကြီး လူမှု၀န်ထမ်းဦးစီးဌာနရုံး၌ “အခြေခံလူမှုဝန်ထမ်းသင်တန်း” ဖွင့်လှစ်

မုံရွာ ဇွန် ၂၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်များကို အထောက်အကူပြုရန်၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်နှင့် လူမှုရေးချို့တဲ့သူများအား လူမှုရေးနည်းလမ်းဖြင့် စောင့်ရှောက်မှုပေးရန်၊ လိုအပ်သူများအား လူမှုဝန်ထမ်းနည်းလမ်းများဖြင့် အကူအညီပေးနိုင်ရန်အတွက် အကောင်အထည် ဖော်ဆောင်ရွက်မှုများ ပြုလုပ်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးလူမှု၀န်ထမ်းဦးစီးဌာနအနေဖြင့် အခြေခံလူမှုဝန်ထမ်းအသိပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ  အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှု၀န်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက “လူမှုဝန်ထမ်းဦးစီးဌာနလုပ်ငန်း တာဝန်များဖြစ်သည့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ ကလေးနှင့်လူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း၊ ဖြစ်ရပ်စီမံခန့်ခွဲမှုနှင့် စေတနာ့ဝန်ထမ်းလုပ်ငန်းစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအားပရိုဂျက်တာဖြင့် အသေးစိတ်ပြသရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့များ စုစုပေါင်း အင်အား ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)