နတ်မောက်မြို၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့်ဆုချီးမြှင့် ပွဲကျင်းပ

နတ်မောက် ဇွန် ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌  စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မန်နေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က ကျောင်းသား/သူ လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ သတိပြုရှောင်ရှားရမည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုင်ရာဆိုးကျိုး အန္တရာယ်များ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ကျောင်းသား/သူ လူငယ်များသိရှိလိုက်နာသင့်သည့် အချက်အလက်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြာဆွေးနွေးခဲ့ပြီး ပုံပြော၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများက မိမိတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ခေါင်းစဉ်များဖြင့် ပြန်လည်ပြောကြားခဲ့ သည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းနှင့် မြို့နယ်ဥပဒေအရာရှိတို့က  မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းဖြင့်ပြစ်မှုပြစ်ဒဏ်များ လူမှုရေးဆိုင်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အကြောင်း အရာများ ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၃၇)ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရာ စာစီစာကုံး၊ ပန်းချီ၊ ပုံပြော၊ ကဗျာရွတ်ဆို၊ ကျပန်းစကား ပြောပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ/မများ၊ ကျောင်းသား/သူ (၁၂၀)ဦးတက်ရောက်ခဲ့သည်။

လှဝင်း