ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးကျင့်စဉ် (GAHP)သင်တန်း ဖွင့်လှစ်ပို့ချ

ဇီးကုန်း ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ကိုင်သူများအား ကောင်းမွန် သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်များ သိရှိစေရန်၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး မွေးမြူရေးနည်းစနစ်များ ဖြန့်ဝေပေးရန် ရည်ရွယ်၍ ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်(GAHP) သင်တန်းကို ယနေ့နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်သင်ကြားခဲ့သည်။

အဆိုပါသင်တန်းသို့  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် မွေးမြူရေးခြံပိုင်ရှင်များတက်ရောက်ခဲ့ပြီး၊ စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး  ဦးလှမိုးက အဖွင့်အမှာစကားပြောကြားသည်။  ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးက  သင်တန်းဖွင့်လှစ်ခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့ပြီး သင်တန်းအား ဆက်လက်ပို့ချခဲ့သည်။

အဆိုပါသင်တန်း၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးမှ မွေးမြူရေးနှင့်ပတ်သက်သော နည်းစနစ်များ၊ မှန်ကန်သောအစာအာဟာရ ကျွေးမွေးမှုများနှင့် ဇီဝလုံခြုံမှုအချက်များကို ဇွန်လ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဒေသခံမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် မွေးမြူရေးခြံပိုင်ရှင်များ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)