ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ငပုတော ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ တစ်ခုခုတစ်စုံတစ်ရာ ထိခိုက်မှုများရှိပါက သက်ဆိုင်ရာသို့ အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်ရေး၊ မိုးစပါးစိုက်ဧကလျာထားချက်နှင့်အညီ အပြည့်အဝစိုက်ပျိုးနိုင်ရေး၊ လုံခြုံရေး အသိသတိရှိ အပြည့်အဝစေရေး၊ မြို့သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်ရေးစေရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ချေးငွေလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဖွဲ့ဝင် အသစ်များ ဝင်ရောက်ပါဝင်နိုင်ရေး၊ လူဦးရေစာရင်းများ ကွဲလွဲမှုမရှိစေရေးကော်မတီအလိုက် စိစစ်ပူးပေါင်းဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးး အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲလင်းထွန်းက လုံခြုံရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးသန်းဦးက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ယှဉ်ပြိုင်နိုင်ရေး လေ့ကျင့်နေမှုအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ပြန်လည်တင်ပြလာမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)