ကြံခင်းမြို့နယ် (အ.လ.က)ရှောက်ခုံကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကြံခင်း ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ကဏ္ဍမြင့်မားစေရန်၊ လူငယ်များဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက (အ.လ.က)ရှောက်ခုံကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ (အ.လ.က)ရှောက်ခုံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါနိုင်က ဗလငါးတန်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်သော အနာ ဂတ်ကျောင်းသား/သူများဖြစ်လာစေ‌ရန်ပြောကြားပြီး၊  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က စာဖတ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူး(၇)မျိုးအားရှင်းလင်း  ပြောကြားခဲ့သည်။

ထို့နောက်(Book Club) အဖွဲ့ဝင် ဦးမျိုးဝင်း(ဆောင်းနတ်သျှင်)နှင့် ရာဇာငယ်(ကနောင်)တို့က လူငယ်နှင့်စာဖတ်ခြင်းအားအသိပညာပေး ဟောပြောပြီးနောက်၊ ရှောက်ခုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက  ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင် ပြသထားခြင်းအား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်းနှင့် ဟောပြောပွဲသို့ (အ.လ.က)ရှောက်ခုံ ကျောင်းအုပ်ဆရာမကြီးဒေါ်ဝါဝါနိုင်၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူ(၂၅၀)ဦးတတ်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)