ကန့်ဘလူမြို့၌ တိုက်ပွဲရှောင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ

ကန့်ဘလူ ဇွန် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်စစ်မှုထမ်းဟောင်းရုံး၌ တိုက်ပွဲရှောင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား နိုင်ငံ သားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူး ဦးခင်မောင်ဌေးက နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ခြင်း၊အသုံးဝင်ပုံများ၊ အသက် ၁၀ နှစ် ပြည့်ပြီးမိသားစုဝင်များနှင့်အသက် ၁၈ နှစ်ပြည့်သူများ၊ အကြောင်းကြောင်းကြောင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပျက်စီးပျောက်ဆုံးသူများ၊ နိုင်ငံသာစိစစ်ရေးကတ်ပြားများ ပြုလုပ်ရန်ကျန်ရှိ သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းစဥ်လေးမျိုးဖြင့် အသက် ၁၀ နှစ်ပြည့်မှစ၍ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ရရှိရေးအတွက် ပြုလုပ်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက ပေးအပ်ရာ တိုက်ပွဲရှောင်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကိုယ်စား မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီးလှထွန်း(ငြိမ်း)က လက်ခံရယူပြီး၊ အိမ်ထောင်စုလူဦးရေစာရင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဖြိုးမင်းက ပေးအပ်ရာ တပ်သားအေးလွင်(ငြိမ်း)က လက်ခံရယူခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် တိုက်ပွဲရှောင်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ၇ ခုနှင့်အိမ်ထောင်စုလူဦးရေစာရင်း ၃ စုတို့ကိုပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန တာဝန်ခံဦးခင်မောင်သန်းထံမှသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)