လူငယ်၊ လူရွယ်များ ဗလငါးတန်တိုးပွား‌စေရန်အတွက် ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က ဒါးက၌ လူငယ်စကားဝိုင်းကျင်းပ

ကန်ကြီးထောင့် ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လူငယ်လူရွယ်များ ဗလငါးတန်တိုးပွားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းအခမ်းအနားကို  ဇွန်လ (၂၅) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က ဒါးက၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ.ထ.က ဒါးက ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်မာမာလွင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါစကားဝိုင်းတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်မာမာလွင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-9 မှ မောင်ဘုန်းပြည်စုံထွန်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မောင်ဖြိုးဝေယံအောင်က လူငယ်နှင့်ကြံ့ခိုင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade-9 မှ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မသက်မြတ်နိုးက လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9မှ မယွန်းဝတီမောင်က လူငယ်နှင့်မျိုးချစ်စိတ် ခေါင်းစဉ်ဖြင့်လည်းကောင်းစသည်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ပြန်ကြရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့  မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က ဒါးကမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)