ကျောက်တံခါး ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ဆင်ခြေထောက်ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့မန်နေ့ က အခြေခံပညာအထက်တန်း(ကျောက်တံခါး) ပတ္တမြားခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစည်သူစန်းနှင့် ကျန်းမာရေးမှူးအဆင့် (၁) ဦးထွန်းထွန်းအောင်တို့က ဆင်ခြေထောက်ရောဂါအကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်စန်းစန်းထွေးနှင့် ဆရာမ ဒေါ်နန်းနန်းထွေးတို့က တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
အလားတူ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ဆင်ခြေထောက်ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ပဲနွယ်ကုန်း၊ တောကျွဲအင်းနှင့် ဖဒို အခြေခံ ပညာအထက်တန်းကျောင်းများတွင်လည်း ပြုလုပ်ခဲ့ကြောင်းနှင့် တက်ရောက်သူအင်အား (၁၂၃၂) ဦးရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)