ပန်းတောင်း ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ရှေးဦးစွာ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်ရှိ CB ဘဏ်၏မြေငှားဂရန်လျှောက်ထားမှုအားစစ်ဆေးခြင်း၊ တောင်ဘွေကျေးရွာအုပ်စု၊ ပဲကြီးအင်းကျေးရွာရှိ ဧရာဝတီမြစ်ကမ်းပါး ပြိုကာကွယ်ခြင်းလုပ်ငန်းအခြေအနေနှင့် ဝန်လိုရပ်ကွက်ရှိ မြို့မစာကြည့်တိုက်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ သရက်လိန်ကျေးရွာအုပ်စု၊ ခတ္ထိယကျေးရွာ ကျေးလက်ဆေးပေးခန်း အနောက်ဘက်ရှိဧရာဝတီမြစ်ကမ်းပါးပြိုကျနေမှုအခြေအနေနှင့် ဆင်တဲကျေးရွာ အုပ်စု၊ ဆင်တဲကျေးရွာ၊ ကွင်းအမှတ် (၇၃)၊ ကွင်းအမည် မိုးကောင်းကွင်းအတွင်းရှိ တောင်သူ ဦးစိုးကျော်၏မိုးနှမ်းစိုက်ပျိုးနေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)