ချောင်းသာ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်စျေးတန်းများတွင် ရောင်းချနေသည့် မုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ယနေ့နံနက် ၉ နာရီက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်စျေးတန်းများတွင် ရောင်းချနေသည့် မုန့်များတွင် FDA ခွင့်ပြုချက် ရှိ/မရှိ၊ ရက်လွန်မုန့်များရောင်းချခြင်း၊ မသန့်ရှင်းသောပစ္စည်း၊ ဓာတုဆိုးဆေးနှင့် ယင်နားစာများ စနစ်တကျထားသိုရောင်းချခြင်းရှိ/မရှိတို့ကို ကျောင်းတာဝန်ခံ ဆရာ/ဆရာမများနှင့် ပူးပေါင်းစစ်ဆေးခဲ့ကြသည်။
ချောင်းသာမြို့တွင် မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအဖွဲ့များက ကျောင်းသား/ကျောင်းသူများ မိုးရာသီကာလ မသန့်ရှင်းသောအစားအစာများကြောင့် ဝမ်းပျက်/ဝမ်းလျှောရောဂါများမဖြစ်ပွားစေရေးအတွက် ကျောင်းမုန့်စျေးတန်းများ စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)