ပလောက် နိုဝင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့ ၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ အရှေ့ကုန်းကျေးရွာ၌ ယမန်နေ့ ညနေ (၄)နာရီ အချိန်ခန့်က နေအိမ်ဈေးဆိုင်အပေါ်ထပ်ရှိ ဖုန်းအားသွင်းရန် ပြုလုပ်ထားသော မီးပလပ်ပေါက်မှဝါယာရှော့ဖြစ်ပြီး အပူလွန်ကဲရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်း ခဲ့ကြောင်းသိရသည်။
အဆိုပါ မီးလောင်ရာသို့ ပလောက်နယ်မြေမီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးသီဟအေးချို ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၈) ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ကျေးရွာသူ/ ကျေးရွာသား (၃၀)ဦးတို့ က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ (၅)နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် (အလျား၁၈×အနံ၂၅) ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ အုတ်ညှပ် နှစ်ထပ်နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက် မှုမရှိကြောင်းနှင့် မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာအသုံးပြုခဲ့သောနေအိမ်ပိုင်ရှင်အား ပလောက်နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်ပြန်/ဆက်)