ကန်ကြီးထောင့် ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လူဦးရေမွေးဖွားမှုနှင့် သေဆုံးမှု စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းအစည်းအဝေးကို ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ဧရာသီရိ သုခခန်းမထဲတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာခင်မာလွင်က အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး မြို့နယ်လ.ဝ.ကဦးစီးမှူး ဦးကျော်ဆွေက လူဦးရေမွေးဖွားမှုနှင့် သေဆုံးမှုစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆင့်က ရပ်/ကျေးစာရေးများအား လူဦးရေမွေးဖွားမှုနှင့် သေဆုံးမှုစာရင်းများ တိုက်ဆိုင်စစ်ဆေးရာ၌ ထားရှိသော စာရွက်စာတမ်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ရပ်/ကျေးစာရေးများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်းခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများက ရပ်/ကျေးစာရေးများအား လူဦးရေမွေးဖွားမှုနှင့် သေဆုံးမှုစာရင်း များနှင့် ပတ်သက်၍ တိုက်ဆိုင်စစ်ဆေးခဲ့ကြရာ အဆိုပါ အခမ်းအနားသို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်လ.ဝ.ကဦးစီးမှူး၊ မြို့နယ်ကျန်းမာရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေးစာရေးများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)