မြောင်းမြခရိုင် (Community Centre) ခန်းမတွင် ကျောင်းစာကြည့်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မြောင်းမြ ဇွန် ၂၆

 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျောင်းစာကြည့်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းနာယက ဆရာကြီးဦးခင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြောင်းမြမြို့နယ်ပညာရေးမှူး ဆရာကြီးဦးမြင့်အောင်နှင့် ဆွေးနွေးပွဲသို့တက်ရောက်လာသော အ​ခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ကျောင်းစာကြည့်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 မြောင်းမြခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတကြွယ်ဝလာစေရန်အတွက် ကျောင်းစာကြည့်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်းမှုဖြင့် မြောင်းမြမြို့တွင် ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၃) ရက်နေ့မှ သြဂုတ်လ (၂၄) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း​ သိရသည်။

ဇေယျာ (ပြန်/ဆက်)