မြန်အောင် နိုဝင်ဘာ ၁၄
မြန်အောင်မြို့ မီးသတ်ဦးစီးဌာန ဝန်ထမ်းမိသားစုများစုပေါင်း၍ ဘုရားသုံးဆူပရဟိတ ကျောင်းနှင့် သီလရှင်ကျောင်းတို့အား ယမန်နေ့ က ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ လှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုသူနှင့်ဇနီးတို့ ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းမိသားစုများ စုပေါင်း၍ မြန်အောင်မြို့ ဘုရားသုံးဆူပရဟိကျောင်းသို့ ဆွမ်းဆန် ၄ အိတ်၊ ဆီ ၅ ပိသာ၊ ပဲ ၈ ပြည်နှင့်မြန်အောင်မြို့ ဘာဝနာတိုက်သစ် သီလရှင်စာသင်တိုက် လှိုင်ပေါလယ် ကျောင်းသို့ ဆွမ်းဆန်(၃)အိတ် သွားရောက်လှူဒါန်းခဲ့ကြပြီး ဘုရားသုံးဆူပရဟိတမှ ကျောင်းသား များအား မုန့်များပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)