ကလေးမြို့ ဘိုးဘွားရိပ်သာတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

ကလေး ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကလေးမြို့ ဘိုးဘွားရိပ်သာကော်မတီဝင်များ၊ ဘိုးဘွားများနှင့် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ကလေးမြို့ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများ၏ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ စားသောက်ရေးနှင့်နေရာထိုင်ခင်းဆောင်ရွက်ဆောင်ရွက်ထားရှိမှုများ၊ ရိပ်သာရေရှည်ရပ်တည်နိုင်ရေးဆောင်ရွက်ထားရှိနေမှုများကို ဆွေးနွေးပေါင်းစပ်ညှိနှိုင်းဆောင်ခဲ့ကြပြီး ဘိုးဘွားများကိုတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)