ငွေဆောင်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး Abate(အဘိတ်) ဆေးခတ်ခြင်နှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်

ငွေဆောင် ဇွန်  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ခြင်၊ ပိုးလောက်လမ်းများ ရှင်သန်ပေါက်ဖွားမှုကို ဟန့်တားစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ကာ မြို့ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၁)ရပ်ကွက်၊ ဇီးမော်၌ အဘိတ် (Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းအား ငွေဆောင်မြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမ (Midwife) ငွေဆောင်(S/C) ဒေါ်ခင်မိမိလှိုင်မှ ဦးဆောင်ကာ ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများ၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ  ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၌ ရေလဲလှယ်ရခက်ခဲသော ရေတွင်း၊ ရေကန်များနှင့် ရေပုံးများအား အဘိတ်(Abate) ဆေးခပ်ခြင်းနှင့် ပိုးလောက်လန်းများ ပေါက်ဖွားနေသော ရေပုံးများ၊ ရေကန်များနှင့် တာယာကွင်းများအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

R – 014(ငွေဆောင်)