ညောင်တုန်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာ မောင်ကျေးဇူး ရေးသားသော "လူငယ်တွေ လမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်" စာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးစန်းမြင့်က အဖွင့်အမှာစကား ပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီ စဥ်လာဆုံးမ၊ သြဝါဒ၊ ရှောင်ကြမူးယစ်ဆေး ဆောင်းပါးအား ဆွေးနွေးကာ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ(Book Club) အဖွဲ့ဝင် ဦးမြင့်ဟန်နှင့် မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း အဖွဲ့ဝင် ဦးအောင်ဇော်တို့က ဦးဆောင်၍ စာရေးဆရာ မောင်ကျေးဇူး ရေးသားသော "လူငယ်တွေ လမ်းမမှားနှင့် မူးယစ်ဆေးဝါး အန္တရာယ်"စာအုပ်ပါ ပညာရှားပါ လူ့ဘိန်းစား၊ ရွံစရာမူးယစ်ဆေးဝါး ဝေးစွာရှောင်ရှား၊ မူးယစ်ဆေးကို တိုက်ဖျက်ကြ အသက်ရှည်ဖို့အဓိက စသည့် အကြောင်းအရာများကို တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)