ကော့သောင်း နိုဝင်ဘာ ၁၄
ကော့သောင်းမြို့သို့ ရန်ကုန်မြို့မှ ဝင်ရောက်လာသည့် MV.-527 ကုန်တင် သင်္ဘောပေါ်မှ သင်္ဘောသားသုံးဦးတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သဖြင့် အသွားအလာ ကန့်သတ်ထားကာ ကြပ်မတ်ကုသမှုခံယူလျက်ရှိကြောင်း ကော့သောင်းခရိုင် ကျန်းမာရေး ဦးစီးဌာနမှ တစ်ဆင့်သိရသည်။
ရောဂါပိုးတွေ့ရှိသူ သင်္ဘောသားသုံးဦးအား ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးတွင် နေရာအခက်အခဲကြောင့် ပိုးတွေ့လူနာများအား ကော့သောင်းမြို့၊ ရွှေပြည်စိုးကျေးရွာအုပ်စု၊ ၄ မိုင် ပြန်လည်ထူထောင်ရေးဂေဟာတွင် Quarantine ထားရှိကြပ်မတ်ကုသလျက်ရှိပြီး သင်္ဘောပေါ်ပါ ကျန်သင်္ဘောသား ၁၆ ဦးအား ခရိုင်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်စေတနာ့ဝန်ထမ်းအဖွဲ့မှ သင်္ဘောပေါ်မှ ကျန်းမာရေးဝန်ကြီးဌာနလမ်းညွှန်ချက်များနှင့်အညီ ထပ်မံသွားရောက်ခေါ်ယူပြီး သီးခြား Quarantine Center တွင် အသွားအလာကန့်သတ်စောင့်ကြည့် ထားကာ နှာခေါင်း၊ အာခေါင်တို့ပတ်နမူနာများအား ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)