တစ်လကျော်ကြာ ပိတ်ထားသည့် ပခုက္ကူကုန်စည်ဒိုင် ပြန်ဖွင့်မည်

ပခုက္ကူ နိုဝင်ဘာ ၁၄

ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း တစ်လကျော်ကြာ ပိတ်ထားသည့် ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများအသင်း၊ ပခုက္ကူကုန်စည်ဒိုင်ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ဖြစ်ကြောင်း သိရသည်။

ကုန်စည်ဒိုင်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ယာယီပိတ်ထားရာမှ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။

ကုန်စည်ဒိုင်အတွင်းသို့ နံနက် ၉ နာရီမှ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်အထိအသင်းဝင်နှင့် ကိုယ်စားလှယ်တစ်ဦးစီသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများ အသင်းထံမှ သိရသည်။

ကိုဇော်(ဓာတု)